Events
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ် လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း (Value Chain upgrading of Potential Fruit (Coconut) in Ayeyarwaddy Region) ၏ ပထမအကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
Updated At: 2023-03-15 15:59:30
ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ နံနက် (၁၀:၁၀) နာရီအချိန်တွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ မြန်မာကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများစုစုပေါင်း (၁၅) ဦးတက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီမံကိန်းအတွက် ရေးဆွဲထားသည့် အဆိုပြုလုပ်ငန်းစီမံချက် (Work Plan) အရဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများက စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ စီမံကိန်းဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးရန်အတွက် မကြာမီကာလ အတွင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ဒုတိယအကြိမ်အစည်းအဝေး ကိုကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးကို နံနက် (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026